အိမ်ထောင်တစ်ခုတွင် သားသမီးများဟာ တစ်ဦးတည်းသောသား၊ သားဦး၊ အထွေးဆုံး၊ အလတ် စသဖြင့် ရှိရာ သူတို့တစ်ဦးနှင့် တစ်ဦး စိတ်နေသဘောထားခြင်း မတူညီတတ်ကြပါ။
သူတို့ရဲ့ စိတ်နေသဘောထား ကွဲပြားကြပုံကို ဖော်ပြရသော်…..
(က) တစ်ဦးတည်းသောသား၊ သမီး
တစ်ဦးတည်းသောသားမှာ အပြိုင်အဆိုင်မရှိတဲ့အတွက် ပြီးပြည့်စုံ ပြိုင်ဘက်မရှိဟု မိမိဘာသာစိတ်ကျေနပ်မှု ရှိသော်လည်း တစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။ တစ်ဦးတည်းသော သမီးတွေကတော့ ဖခင်ရဲ့ အရည်အချင်းတွေကို အားကျပြီး ယှဉ်ပြိုင်လိုစိတ်ရှိကာ ထင်ပေါ်ကျော်ကြား လိုကြပါတယ်။
(ခ) သားကြီး၊ သမီးကြီး
သားကြီး၊ သမီးကြီးတွေဟာ သြဇာပေးတတ်တဲ့ သူတွေဖြစ်ပါတယ်။ သမီးကြီးတွေမှာ စေ့စပ်သေချာသူဖြစ်ပြီး အငယ်တွေအပေါ်မှာ မိခင်သဖွယ် စောင့်ရှောက်တတ်သူတွေ ဖြစ်ပါတယ်။ မွေချင်းထဲမှာ မိန်းကလေးတွေမပါတဲ့ သားကြီးဖြစ်သူတွေက သမီးကြီးတွေလုပ်တတ်တဲ့ အလုပ်ကိုမလုပ်နိုင်ဘဲ မိန်းမတွေနဲ့တွေ့လျှင် ရှက်တတ်သူ ဖြစ်ပါတယ်။
(ဂ) သားထွေး၊ သမီးထွေး
သူတို့ဟာ မိဘတွေကဲ့သို့ အခြားမွေးချင်းတွေ အပေါ်မှာပြုမူနိုင်သူတွေမဟုတ်ပါ။ သားထွေး ယောက်ျားလေး တွေက မိသားစုဝင်တွေမှာ ပိုမိုနွဲ့နှောင်းချွဲတတ်ပြီး ကြိုးစားလိုစိတ်မရှိ၊ ရေသာခိုစိတ်သာရှိ၍ အရာရာအပေါ်မှာ အသေးစိတ် စိတ်မ၀င်စားတတ်သူတွေ ဖြစ်ပါတယ်။ သမီးထွေးတွေကတော့ ပိုမိုအမှီအခိုကင်းလိုကြသော်လည်း သူတို့ကို အုပ်ထိန်းပေးရန် လိုအပ်ပါတယ်။ သူတို့ဟာ အမျိုးသမီးစိတ်ပိုမိုရှိသော်လည်း အလိုလိုက်ခံရ၍ ပျက်စီးလွယ်တတ်သူတွေ ဖြစ်ပါတယ်။
(ဃ) အလယ်အလတ်ကလေးများ
အလတ်တွေဟာ အရာရာကို ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားတတ်ပြီး ဆန့်ကျင်ဘက်လိင်တွေအကြား ထင်ပေါ်ကျော်ကြားလိုသူတွေ ဖြစ်ပါတယ်။ သို့သော် အများတကာ ဂရုစိုက်မှုခံရအောင် ယှဉ်ပြိုင်ကြရင်း ယောက်ျားလေး သားလတ်တွေဟာ နိမ့်ကျတဲ့စိတ်ကို ခံစားရပြီး သမီးလတ်တွေအဖို့ လိုချင်မှုတွေ များလာတတ်ပါတယ်။
>>> www.myanmarhealthcare.com <<<
ှ
ှ
16 February, 2009
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment